Skip to main content

Zappos ၏ အောင်မြင်ရေး နည်းဗျူဟာ

ကျွန်တော်တို့ မြန်မာအမျိုးကောင်းသားတို့ရဲ့ "ဒစ်ဂျစ်တယ်အသုံးပြုဈေးကွက်ရှာဖွေမှုစနစ်" ဆိုတဲ့ ဝေါဟာရကို မျက်နှာဖြူအင်္ဂလိပ်တို့က Digital Marketing လို့ရယ် မနူးမနပ် ခေါ်ဝေါ်ကြပါတယ်။ ရှိစေတော့လေ..။ ကျွန်တော်က မြန်မာဆန်တာ ပိုကြိုက်ပေမယ့် ဒီ article မှာတော့ Digital Marketing လို့ပဲ သုံးနှုန်းလိုက်တာပေါ့။ 

ဟုတ်ကဲ့ ခင်ဗျ။ ကျွန်တော်တို့ ဆွေးနွေးကြမယ့် Digital Marketing ဆိုတာ အမြဲတမ်းကို ပြောင်းလဲနေတဲ့ နယ်ပယ်တစ်ခုပါ။ ဒါကြောင့်လည်း လက်တွေ့မှာ ဘယ်အရာတွေက ပိုပြီး အလုပ်ဖြစ်နိုင်မလဲဆိုတာကို မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ Digital Marketing လောကကို ဦးစီးဦးဆောင် ပြုလုပ်သွားတဲ့ Brands တွေကို လေ့လာပြီး ဘာတွေကတော့ သူတို့အတွက် အလုပ်ဖြစ်ခဲ့တယ်ဆိုတာကို ရှာဖွေကြည့်ခြင်းပါပဲ။ ရှေးထုံးလည်း မပယ်နဲ့ ဘလာဘလာ ဆိုပြီး ဆိုရိုးလည်း ရှိသေးတာပဲလေ...။ ဟုတ်ဘူးလား။ 

လက်ရှိ article မှာတော့ Online ဖိနပ်ရောင်းဝယ်ရေး Website တစ်ခုဖြစ်ပြီး အကြီးအကျယ် အောင်မြင်နေတဲ့ Zappos ကိုလေ့လာကြည့်ကြပါမယ်။


Successful Digital Company : Zappos


Zappos

Zappos ရဲ့ founder ဖြစ်သူ Nick Swinmurn တစ်ယောက်ကတော့ ဖိနပ်ကောင်းကောင်း တစ်ရံရဖို့အရေးကို Shopping Mall တွေနဲ့ Online Website တွေမှာ ရှာဖွေရင်းနဲ့ တော်တော်လေး ခေါင်းရှုပ်သွားခဲ့ပုံပါပဲ။ ဒါနဲ့ပဲ ကောင်းမွန်သင့်တင့်တဲ့ Shoe Selectionတွေ ရောင်းချနိုင်တဲ့ Website တစ်ခု တည်ထောင်ဖို့ Idea ရလာပြီး 1999 မှာပဲ လုပ်ငန်းကို စတင်ခဲ့ပါတယ်။2000 ခုနှစ်မှာတော့ Tony Hsieh ဟာ Zappos မှာ ရင်းနှီးမြှုပ်နှံပြီး co-CEO အနေနဲ့ပါ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက် ကတော့ Online ဝန်ဆောင်မှုစနစ်ကို သူမတူအောင် ကောင်းမွန်ဖို့အတွက်ပါ။ 

2009 မှာ Zappos ဟာ Amazon နဲ့ ပူးပေါင်းခဲ့ပါတယ်။ Customers တွေကို ဝန်ဆောင်မှုပေးရာမှာ ထက်သန်တာချင်း တူညီကြတဲ့အတွက်ပါ။ Zappos ဟာ လုပ်ငန်း Budget ကို Customer Service အပေါ်မှာ အများကြီး အသုံးပြုခဲ့ပါတယ်။ Zappos မှာ ဝယ်ယူသွားတဲ့ Customers တွေဟာ စိတ်တိုင်းမကျဘူးဆိုရင် အသစ်တစ်ရံကို တစ်နှစ်အတွင်း ပြန်လဲလို့ ရပါတယ်။ ရက်သတ္တပတ် ခုနှစ်ရက်လုံးရဲ့ 24 နာရီတိုင်းမှာ သူတို့ကို ဆက်သွယ်နိုင်ပါတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက ဖောက်သည်တိုင်းကို Website မှတစ်ဆင့် ဖိနပ်တွေနဲ့ ပတ်သတ်ပြီး  ညနက်တဲ့အထိ အခမဲ့ ဆွေးနွေးပေးပါတယ်။

ကမ္ဘာပါးစပ်ပေါက်လို့ ခေါ်ဝေါ်ခဲ့ကြတဲ့ Website မှတစ်ဆင့် Customers တွေကို ရရှိဖို့ ကြိုးစားတဲ့အပြင် ရှိပြီးသား Customers တွေကိုပါ ကောင်းမွန်လွန်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ Zappos ကို Public Treatment နည်းဗျူဟာမှာ ဆရာကျတယ်ဆိုတာ လက်ခံရပါမယ်။ Zappos ရဲ့ CEO ဖြစ်တဲ့ Tony Hsieh မှာ Twitter Follower 1.7 သန်းအထိရှိပါတယ်။ Zappos ရဲ့ ဝန်ထမ်းတွေကလည်း ကုမ္ပဏီရဲ့ အထူးကမ်းလှမ်းချက်တွေအကြောင်း၊ သူတို့အနေနဲ့ Customers တွေအပေါ်မှာ ဘယ်လောက်ထိ ကူညီနိုင်ကြောင်း၊ သူတို့ အလုပ်လုပ်ရတာ အရမ်းကို ချစ်မြတ်နိုးကြောင်း စသည်ဖြင့် ပုံမှန်တင်လေ့ရှိပါတယ်။

Zappos ရဲ့ Facebook Fan Page မှာလည်း 6,7000 နဲ့ အထက်ရှိပြီး နေ့စဉ် status တွေ၊ အမေးအဖြေတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီအတွင်းပိုင်း ဆောင်ရွက်ချက်တွေအကြောင်းကို အမြဲတမ်း မျှဝေနေပါတယ်။ Facebook မှတစ်ဆင့် အပြန်အလှန်ထိတွေ့နှီးနှောမှုဟာ ဖောက်သည်တွေ အတွက်တော့ ကျေနပ်စရာပါပဲ။ နှစ်ဦးနှစ်ဖက်ကြားမှာ ချိတ်ဆက်မှုတွေ ခိုင်မာလာပြီး ရေရှည်ဖောက်သည်တွေအထိ ဖြစ်လာကြပါတယ်။

 

Zappos ဟာ Digital ရဲ့ စွမ်းပကားကို ကောင်းကောင်းနားလည်ပြီး အသုံးချနိုင်ခဲ့ပါတယ်။ Digital Marketing က လူသားတွေအကြား ဆက်နွယ်မှုကို ချဲ့ထွင်နိုင်ကြောင်း နားလည်ပြီး Brand ကို ကမ္ဘာအနှံ့ လူတန်းစားမရွေး ထိတွေ့နိုင်တဲ့ Digital နည်းလမ်းနဲ့ ထိုးဖောက်ခဲ့ပါတယ်။ Zappos ရဲ့ အောင်မြင်မှုမှာ ကံတရားရဲ့ မျက်နှာသာပေးမှု မပါဝင်ခဲ့သလို ၎င်းရဲ့ ကုန်ပစ္စည်းတွေ သက်သာတာကြောင့်လည်း မဟုတ်ပါဘူး။ Zappos ဟာ ၎င်းရဲ့ ချိုမြိန်တဲ့ ဝန်ဆောင်မှုကို Digital နည်းလမ်းတွေနဲ့ လူသားအားလုံး ထိတွေ့နိုင်တဲ့ Internet မှတစ်ဆင့် Customer တစ်ဦးစီတိုင်းအတွက် Special One ဖြစ်ပေးခဲ့လို့ပါ။ အခုထက်ထိ Customers တွေကို စိတ်ကျေနပ်မှုအပေးနိုင်ဆုံး Online Shopping Website ဆယ်ခုမှာ Zappos ဟာ ပြုံးပြုံးကြီး နေရာယူလျက်ရှိနေပါတယ်။ 

 

ဟုတ်ကဲ့ပါ။ မိတ်ဆွေအတွက် အကျိုးတစ်စုံတစ်ရာ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Digital Marketing ကို အသုံးချပြီး အောင်မြင်ခဲ့တဲ့ အခြား Business တွေအကြောင်းကိုလည်း ထပ်မံတင်ဆက်ပေးပါဦးမယ်နော်။ ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ HapEye.Com ကနေ ဆုတောင်းပေးလိုက်ပါတယ်။

Hap Eye Digital Marketing Agency ကို ဆက်သွယ်ပြီးတော့လဲ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာနဲ့တန်းတူ ရင်ဘောင်တန်း ဈေးကွက်ဝင်နိုင်ဖို့ လိုအပ်တဲ့ အကြံဥာဏ်တွေ ရယူပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါပြီဗျာ။

Website – www.hapeye.com 
 eMail – info@hapeye.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/W3Presence

Swan Htet (Hap Eye)