Skip to main content

Website ဘာလို့ နှေးကွေးနေလဲ...ဘယ်လိုပြင်ရမလဲ (အချက် ၃ ချက်)

Website သည် အပြင်အဆင် မည်မျှပင် ခမ်းနားသော်ငြား...နှေးကွေးတုံ့ဆိုင်းနေလျှင် Customer တို့အတွက် အနှောင့်အယှက်ကြီးစွာ ဖြစ်ပါသည်။

အကျိုးဆက်အနေနှင့် သင်၏ အမာခံဖောက်သည်တို့သည် နောက်တကြိမ် ဝယ်ယူမှုပြုရန် စိတ်ခုသွားနိုင်သည်။

ဤသို့ မဖြစ်ရအောင် Website ၏ နှေးကွေးရခြင်း အကြောင်းခြင်းရာများ...
မြန်ဆန်ကောင်းမွန်လေအောင် မည်သို့ပြင်ဆင်ရမည်...စသည်တို့နှင့်ပတ်သတ်၍ ဖော်ပြပေးပါမည်။

Website Delay

မိတ်ဆွေတို့ အားလုံး မင်္ဂလာပါဗျာ။ Website နှေးရခြင်းနဲ့ ပတ်သတ်လို့ အခြေခံအချက်လေး သုံးချက်လောက်ပဲ ကျွန်တော်ဒီနေ့ပြောပေးသွားမှာပါ။ 

ယနေ့ ၂၁ရာစုကို ရောက်လာတာနဲ့အမျှ လုပ်ငန်းတိုင်းလိုလို Website တွေရှိလာကြပြီ...Digital နယ်ပယ်ထဲကို ခြေဆန့်နေကြပါပြီ။ ဒီအချိန်မှာ Customers တွေကလည်း ဝယ်ယူမှုတွေအတွက် Website မှတဆင့် ဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ Website ဟာဆိုရင် ရုပ်ထွက်ကောင်းပြီး ဆွဲဆောင်မှုရှိဖို့သာမက မြန်ဆန်လွယ်ကူပြီး User Friendly ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

Website နှေးနေမယ်ဆိုရင် Customers တွေအနေနဲ့ နောက်တစ်ကြိမ်လာဖို့ စိတ်ခုသွားနိုင်သလို အခန့်မသင့်ရင် ပြိုင်ဖက်တွေဆီတောင် ရောက်သွားနိုင်ပါတယ်။ ဒါမျိုးမဖြစ်ရအောင်လို့...Website နှေးနေပြီဆိုရင် အမြန်ဆုံးပြင်ဆင်သင့်ပါတယ်။ ကျွန်တော်ဒီနေ့မှာတော့ Website တခုဘာကြောင့်နှေးရလဲနဲ့ ဘယ်လိုမျိုးပြင်ဆင်နိုင်လဲဆိုတာကို အချက်သုံးချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်ဗျာ။


၁။ အင်တာနက်


Internet Problem

Website တခုနှေးရတာ အင်တာနက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို စမ်းကြည့်ဖို့ နည်းလမ်းက လွယ်ပါတယ်ခင်ဗျာ။ အခြား Website တွေကိုပါ ဖွင့်ကြည့်လိုက်ပါ။ သူတို့ကလည်း သင့် Website လိုမျိုးပဲ နှေးနေမယ်ဆိုရင်တော့ အင်တာနက်ပြဿနာကြောင့် ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ မိတ်ဆွေရဲ့ site တခုတည်း နှေးနေမယ်ဆိုရင်တော့ အခြားပြဿနာတခုခု ရှိနေပါပြီ။

ဒါကိုပဲ နောက်တစ်မျိုး စမ်းကြည့်လို့ ရပါတယ်။ မိတ်ဆွေနဲ့ နည်းနည်းလေး အလှမ်းဝေးတဲ့ အသိမိတ်ဆွေတစ်ဦးကို မိတ်ဆွေရဲ့ Website ကို ဖွင့်ကြည့်ခိုင်းလိုက်ပါ။ သူတို့ဆီမှာတော့ အိုကေတယ်...နှေးမနေဘူးဆိုရင်လည်း ဒါကို Network ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ မဟုတ်ရင်တော့ ပြဿနာတက်နေပြီ...ဖြေရှင်းဖို့ လိုအပ်နေပါပြီ။

နောက်တစ်ဆင့်ကတော့ မိတ်ဆွေရဲ့ ကွန်ပျူတာမှတဆင့် Server ထံသို့ "Traceroute" လုပ်ကြည့်ခြင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကွန်ပျူတာနဲ့ Server ကြားမှ အင်တာနက်အချိတ်အဆက်နဲ့ Section တခုခြင်းအတွက် Connection ရဲ့ ကြာချိန်ကို စစ်ဆေးနိုင်ပါတယ်။ ဒီလိုမျိုး စစ်ဆေးဖို့အတွက် မိတ်ဆွေရဲ့ ကွန်ပျူတာနဲ့ ကိုက်ညီမယ့် Traceroute Code ကို Google မှာ ရှာဖွေနိုင်ပြီး ၎င်းကို ကွန်ပျူတာရဲ့ Command နဲ့ Prompt မှာ ရိုက်ထည့်ဖို့တော့ လိုအပ်ပါတယ်။


၂။ Web Hosting


Server

တစ်ခါတစ်လေမှာ Website တစ်ခု loading ကြာပြီး နှေးနေတာက Server ကြောင့် ဖြစ်နိုင်ပါတယ်။ Server ရဲ့ အလုပ်လုပ်ပုံက အင်ဂျင်တစ်လုံးနဲ့တူပါတယ်။ တစ်ယောက်ယောက်က မိတ်ဆွေရဲ့ Website ကို မဝင်ရောက်ခင်အထိ သူက စက်သေနေပါတယ်။ မိတ်ဆွေရဲ့ Website ကို ဝင်ရောက်တဲ့အခါမှာတော့ ကားသော့ထိုးပြီး စက်နှိုးလိုက်သလိုပါပဲ။

ဒီအချိန်မှာ Browser ကနေ User ကို ပြသဖို့အတွက် Website ရဲ့ Data တွေကို Server ထံမှ သွားတောင်းယူလိုက်ပါတယ်။ ဒါကြောင့်... တကယ်လို့ Server မှာ ပြဿနာရှိနေမယ်ဆိုရင် ပုံမှန်ထက်ပိုပြီး loading ကြာနေပါလိမ့်မယ်။

Server မှာ အားနည်းချက်ရှိနေခြင်းက Website ရဲ့ Hosting လုပ်ထားပုံမှာ အဓိကအားဖြင့် မူတည်ပါတယ်။

၁) မိတ်ဆွေရဲ့ Website ကို Free Server မှာ Host ထားတာကြောင့် ဖြစ်နိုင်တယ်။
၂) Support အားနည်းပြီး အရည်အသွေးမမှီတဲ့ Hosting ကြောင့်လည်း ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ အရည်အသွေးပြည့်မှီပြီး လုံခြုံစိတ်ချရတဲ့ Hosting တခုကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။


၃။ Data Base 


Data Base

Website တခုဟာ သစ်လွင်နေချိန်မှာတော့ စွမ်းဆောင်ရည်ကောင်းနေပေမယ့် ကြာလာတာနဲ့အမျှ နှေးကွေးလာပြီဆိုရင်...Data Base ကြောင့်ဖြစ်ပါတယ်။ Data Base ဆိုတာ Website တခုရဲ့ Data ကို သိုလှောင်ရာနေရာ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Website က Data Base နဲ့ ချိတ်ထားရပါတယ်။ 
သက်တမ်းကြာလာတာနဲ့အမျှ ပိုမိုများပြားရှူပ်ထွေးတဲ့ Data တွေက Data Base မှာသွားပြီး စုပုံလာပါတယ်။ ဒီလို Data တွေပြည့်ကြပ်လာသည့် အားလျော်စွာ စစချင်း Website ကြေငြာစဉ်ကလောက် Data Base ဟာ ထိရောက်မှုရှိစွာ အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ Performance တွေလည်း တဖြည်းဖြည်းနှေးလာပါတယ်။

Website တခုရဲ့ Data Base ပြဿနာကို Speed Test နဲ့ စစ်ဆေးလို့ရပါတယ်။ မိတ်ဆွေရဲ့ Website မှ Data Base ပြဿနာကိုရှင်းဖို့အတွက် Youtube မှာ Tutorials တွေအများကြီးရှိပါတယ်။ ပြီးတော့ မိတ်ဆွေထင်ထားတာထက် အများကြီးပိုပြီးလွယ်ကူတာမို့ စိတ်ရှူပ်မသွားပါနဲ့ဗျာ။ တကယ်လို့ အကူအညီတစုံတရာ လိုအပ်တယ်ဆိုရင်တော့ Myanmar Digital Marketing ကို ဆက်သွယ်ဖြေရှင်းလို့ရပါတယ်။

Website – www.MyanmarDigitalMarketing.com 
 eMail – info@hapeye.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/W3Presence

ဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အားလုံး သာယာကြည်နူးဖွယ် အခိုက်အတန့်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်ဗျာ။

Swan Htet (HapEye)