Skip to main content
Travel Website
Digital Life Style
Business
Travel
| 29 November 2015

Travel Website ကို အရောင်းမြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်း (၅)ချက်

ယခုခေတ်မှာဆိုရင်ဖြင့် Online ပေါ်ကို Website တွေ တစ်ခုပြီး တစ်ခု တိုးပေါက်လာပါပြီ။ Online ခရီးသွား အေဂျင်စီတစ်ခုအနေဖြင့် ၎င်းရဲ့ ဝန်ဆောင်မှုတွေကို ကြော်ငြာနိုင်ဖို့ နည်းပေါင်း သောင်းခြောက်ထောင်မက ရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ Online ခရီးသွား Website တစ်ခုအနေနဲ့ ကူးသန်းရောင်းဝယ်အားနဲ့ ဈေးကွက်ကို တိုးချဲ့နိုင်ဖို့ အကောင်းဆုံးနည်းနာတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်။ 


1. The Meta Search Engine Arena


Meta Search Engine

"Meta Search Engine" ဆိုတာကို လိုတိုရှင်း ပြောပြပါမယ်။ Meta Search Engine ဆိုတာ ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြတဲ့ website တစ်ခုဖြစ်ပြီး Online ခရီးသွားအေဂျင်စီတွေနဲ့ လေကြောင်းလိုင်းတွေရဲ့ ရာချီသော ကမ်းလှမ်းချက်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ ခရီးသည်တွေအတွက် လောလောလတ်လတ် ရွေးချယ်သင့်တဲ့ ခရီးစဉ်တွေကို ရှာဖွေရာမှာ အထိရောက်ဆုံးနဲ့ ပိုပိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုအဖြစ် Meta Search Engine တွေကို မှတ်ယူနိုင်ပါတယ်။ လိုတာထက်တောင် ပိုနေတဲ့ ယာဉ်လိုင်း ရွေးချယ်ခွင့်တွေနဲ့ တစ်ခုချင်းစီရဲ့ ဈေးနှုန်း၊ အခွင့်အရေးတွေကိုပါ တပေါင်းတစည်းထဲ ဖော်ပြလေ့ရှိပြီး ဒါတွေကြောင့်လည်း အသက်သာဆုံး ယာဉ်လိုင်းတွေကို လွယ်ကူစွာနဲ့ ရွေးချယ်စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ Meta Search Engine တွေဟာဖြင့် အသုံးပြုရလည်း လွယ်ကူပြီး နေ့စဉ်နဲ့အမျှ သန်းချီစွာသော ခရီးသွားတွေနဲ့အတူ မောင်းနှင်လည်ပတ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ များမြောင်စွာသော Meta Search Engine တွေ ရှိနှင့်ပြီးဖြစ်ပါတယ်။

သူတို့ထဲကနေ လူသိများတဲ့ တချို့တလေကို ဖော်ပြပေးလိုက်ပါတယ်။ 


Europe: Skyscanner and Jetradar
Asia: Wego
USA: Kayak and Hipmunk
Australia: Iwanthatflight and Jetradar
Africa: Cheapflights
Worldwide – Tripadvisor, Expedia, Booking.Com & Agoda


အထက်မှာ ဖော်ပြပေးခဲ့တဲ့ Search Engines တွေဟာဖြင့် ကမ္ဘာအနှံ့ နိုင်ငံတိုင်းလိုလိုမှာ အရာဝင်ပြီးတော့ Global Payments တွေကိုလည်း Support ပေးပါတယ်။ အမေရိကဘက်က Frequent traveller တစ်ဦးဆိုရင်တော့ Wego နဲ့ Jetradar ကို ကြိုက်နှစ်သက်ပါတယ်။ သူတို့က Search Engine အကြီးစားတွေဖြစ်တဲ့ Skyscanner နဲ့ Kayak တို့နဲ့ ယဉ်ရင် သေးငယ်ပေါ့ပါးလို့ပါ။ တစ်ခါတစ်လေကျ ဈေးကွက်ကို ထိုးဖောက်ချင်ပြီး Brand ကို လူသိများလိုတဲ့အတွက် အရမ်းကောင်းတဲ့ Discount ပေးတတ်တဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း ဒီ Search Engines တွေက ကြေညာပေးလေ့ရှိပါတယ်။ 

Meta Search Engines တွေနဲ့ အလုပ်လုပ်ရာမှာ online ခရီးသွားလုပ်ငန်းအတွက် အကျိုး အပြစ်ရယ်လို့လည်း ရှိပါတယ်။ အကျိုးအနေနဲ့က Meta Search Engine တွေမှာပါဝင်တဲ့ ယာဉ်ကြောင်းလိုင်းတွေဟာဖြင့် ငွေလွှဲငွေချေရာမှာ အဆင်ပြေချောမွေ့လှပါတယ်။ ငွေချေမှုစနစ်အားလုံးနီးနီးဟာ Meta Search Engine တွေမှာ အကျုံးဝင်ပါတယ်။

ပြစ်ချက်အနေနဲ့တော့ အထက်က Search Engines တွေမှာ ပါဝင်နိုင်ဖို့ဖြင့် ကြေညာခအနေနဲ့ ပမာဏတစ်ခုအထိ နှစ်စဉ် အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ 


2. Google Adwords နှင့် Bing ရှာဖွေမှု Campaigns 


Google Adwords

 

(Campaigns တွင် online ကြော်ငြာမှုစနစ်အားလုံးသည် အကျုံးဝင်ပါသည်။)
နှစ်ပေါင်းများစွာ ကြာညောင်းလာသည်အထိ online ခရီးသွားလုပ်ငန်းတွေအတွက် အရောင်းတိုးမြှင့်ဖို့ နည်းကောင်းတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ ရလဒ်အနေနဲ့က popular ဖြစ်တဲ့ keywords တွေအပေါ် အပြိုင်အဆိုင် ဈေးပေးမှုတွေဖြစ်လာတာပါပဲ။ တစ်ခါတစ်ရံမှာ O.T.A (Online Travel Agency) တစ်ခုဟာ "cheap flights" လိုမျိုး popular keywords မျိုးအတွက် $100 နဲ့ အထက်တောင် ပေးလေ့ရှိပါတယ်။ လွန်လေပြီးသော 2နှစ်ခန့်လောက်ကတည်းက meta search engine တွေ ခရီးသွားလုပ်ငန်းမှာ ကျယ်ပြန့်လာတာနဲ့အမျှ O.T.A တို့ဟာ သူတို့ရဲ့ Google နဲ့ Bing Adworks (Search Engine တွင် Web များ ကြော်ငြာခြင်း) တွေမှာ ချဲ့ထွင်မှုကို လျော့ချလာပါတယ်။ အဲဒီနောက် မတူခြားနားတဲ့ distribution channels (Facebook, Twitter, Booking, Agoda, Tripadvisor) တွေ အပေါ်မှာ ပိုပြီးအာရုံစိုက်လာပါတယ်။ 

Google Adwords ရဲ့ ကောင်းကွက်ကတော့ဖြင့် Campaigns များအတွက် လွယ်ကူလျှင်မြန်ပါတယ်။ များစွာသော ရွေးချယ်ပိုင်ခွင့်တွေကလည်း ရှိပါတယ်။ ဆိုးကွက်အနေနဲ့က Google ရဲ့ search engine က ပြည့်ကျပ်နေပါတယ်။ ဆိုလိုချင်တာကဖြင့် အသုံးပြုသူတွေ နေရာယူသူတွေက များနေတာကိုပါ။ ဒါကြောင့် OTA အနေနဲ့က Popular keywords တွေဖြစ်တဲ့ "cheap flights" နဲ့ "cheap holidays" မျိုးကို ရဖို့အတွက် budget စိုက်ထုတ်ရုံနဲ့ မရဘဲ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုလည်း မျှော်လင့်ရကိန်းရှိနေပါတယ်။


3.Affiliate Marketing 


Affiliate Marketing

 

Affiliate Marketing ဆိုတာ ကျွန်တော်တို့ရဲ့ Website မှာတင်ထားတဲ့ Services တွေ၊ OTA တို့ရဲ့ ခရီးစဉ် package တွေ၊ ဒါကို ကိုယ်စားလှယ်ယူပြီး အခြား Website တစ်ခုကနေမှ ကြော်ငြာထုတ်ပြီး ရောင်းချပေးတာပါ။ ကြော်ငြာရာမှတစ်ဆင့် ရောင်းထွက်မှဘဲ သူတို့ကို ကော်မရှင်ခပေးစရာလိုပါတယ်။ တစ်ဆင့်ခံ ဈေးကွက်ကြော်ငြာမှု စနစ် (သို့) ဆင့်ကဲဈေးကွက်ကြော်ငြာမှုစနစ်လို့လည်း နာမည်တပ် ခေါ်ဝေါ်နိုင်ပါတယ်။

ကျွန်တော့်အမြင်မှာဖြင့် Affiliate Marketing ဟာ OTA တို့ရဲ့ ဈေးကွက်ရှာဖွေရေး စနစ်တွေဖြစ်တဲ့ Distribution Channels တွေအကြားမှာတော့ Super Star တစ်လက်ပါပဲ။ ကမ္ဘာတစ်ဝှမ်းမှာ Affiliate Networks တွေ ရာချီပြီး ရှိပါတယ်။ လူသိများ ထင်ရှားတာလေးကို ကျွန်တော် ဥပမာပြုပေးပါမယ်။ (a) Commission Junction by Conversant နဲ့  (b) TradeDoubler...။ နှစ်ခုလုံးမှာ အားသာချက်ရှိသလို ချို့ယွင်းချက်တွေလည်း ရှိပါတယ်။ ခရီးသွားဝန်ဆောင်မှုတွေကို ဈေးကွက်တင်ဖို့ အသင့်ဖြစ်နေတဲ့ Publishers တွေက Affiliate Marketing မှတစ်ဆင့် ကြော်ငြာပေးပါတယ်။ ဒါ့အပြင် ရာချီတဲ့ OTA တို့အတွက် ရာချီတဲ့ Booking တွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရယူလက်ခံခြင်းဖြင့် ဝန်ဆောင်မှုပေးပါတယ်။ Publishers တို့ဟာ ရာချီစွာသော Projects တွေအပေါ်မှာ ပြိုင်တူ အလုပ်လုပ်ကြရပါတယ်။ 

ဝယ်ယူသူအနေနဲ့ Product (သို့) Service ကို Affiliate Marketing ကနေတစ်ဆင့် ဝယ်ယူခြင်းဖြင့် မူရင်းဈေးနှုန်းနဲ့မခြား ဝယ်ယူနိုင်ပါတယ်။ ကောင်းကွက်အနေနဲ့လည်း ထုထည်ကြီးလေးတဲ့ Customer အထိအတွေ့ကို publishers တွေအတွက် ငွေအနည်းငယ်ရင်းနှီးပေးရုံမျှဖြင့် ရရှိနိုင်ပါတယ်။  


4. SEO


>

SEO

 

OTA တို့ရဲ့ ဝန်ဆောင်မှုတွေကို ဈေးကွက်ရှာလေ့ရှိတဲ့ နည်းဟောင်းတစ်ခုကတော့ SEO ပါ။ SEO ဟာဖြင့် စိန်ခေါ်မှုပြင်းထန်တဲ့ ငွေချေစရာ မလိုအပ်တဲ့ ကြော်ငြာစနစ်တစ်ခုပါ။ ၎င်းအနေနဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေအတွက် ဈေးကွက်ရှာဖွေနိုင်ပါတယ်။ 
အဲ...SEO ကတော့ဖြင့် ငွေချေစရာမလိုအပ်ဘူးလို့ ပြောခဲ့မိသားနော်။ နားလည်မှုလွဲသွားရင် ခွင့်လွှတ်ပါ။ တကယ်တမ်းက SEO မှာ အလကားပေးတဲ့ Charge မျိုး မရှိပါဘူး။ ဟုတ်ကဲ့... Google အနေနဲ့ Organic Placement (သာမန်တန်းတူရည်မျှ နေရာရခြင်းမျိုးကို ဆိုလိုသည်) အတွက်တော့ တပြားတချပ်မှတော့ မကောက်ခံပါဘူး။ သို့ပေငြား ကျွန်တော်တို့ နားလည်ထားရမှာက SEO ကြီးဟာ ပြည့်ကျပ် ဖောင်းကားလာတာနဲ့အမျှ အများကြီး နည်းနာကျလာတာကိုပါ။ သာမန် ရွက်ကြမ်းရေကျိုမျိုးဆို တိုးမပေါက်နိုင်တော့ပါဘူး။ ဒါကြောင့် OTA တစ်ခုအနေနဲ့ လူမှန်တွေအပေါ် အထိုက်အလျောက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်လာပါပြီ။ Freelancer တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အေဂျင်စီတစ်ခုတစ်လေကို ဖြစ်စေ SEO ရဲ့ အခန်းကဏ္ဍတွေကို ကုမ္ပဏီကိုယ်စား တာဝန်ခံဆောင်ရွက်ဖို့ ဌားရမ်းရပါမယ်။

ဟုတ်ပါတယ်ဗျာ။ မိတ်ဆွေခန့်မှန်းသလိုပါပဲ။ ငွေကုန်ကြေးကုန်ကျကတော့ဖြင့် ရှိနေမှာပါ။ ပိတ်ရက်ခရီးစဉ်တွေကို အဓိကထားရောင်းချတဲ့ OTA တို့ကဖြင့် ဒီနည်းလမ်းအပေါ်မှာ အများကြီး မြှုပ်နှံလေ့ရှိပါတယ်။


5.SOCIAL MEDIA


Social Media

 

Social Media ကနေ သမာရိုးကျ (တန်းတူရည်တူ ဖြစ်ခြင်းကိုဆိုလိုသည်) ကြော်ငြာလို့ရနေသေးတဲ့ ရက်စွဲတွေ ကုန်လွန်သွားပါပြီ။ ကောင်းပြီလေ။ သင် Facebook groups တွေမှာ Post တွေဆက်တင်နိုင်ပါသေးတယ်။ ဆွဲဆောင်လို့ရနေဦးမယ်လို့လည်း မျှော်လင့်နိုင်ပါသေးတယ်။ သို့ပေငြား ဒါက အချိန်ယူတဲ့အပြင် အလုပ်လည်း ပန်းပါတယ်။ ငွေချေရတဲ့ ကြော်ငြာမှုတွေကတော့ လုပ်ပိုင်ခွင့်တစ်ရပ်ပါ။ အထူးသဖြင့် Facebook ရဲ့ latest update ကတည်းကစလို့ ကိုယ်ဦးတည် ကြော်ငြာနိုင်တဲ့ အစုအဝေးကို ရွေးချယ်လာနိုင်ပြီး ဒါက အနုပညာဆန်ဆန် အရေးပါလာပါတယ်။ ၎င်းက Google Adwords တွေထက် ဈေးသက်သာပါတယ်။ သို့ပေငြား OTA အနေနဲ့ဖြင့် Website ကို traffic များများတက်ဖို့ရာ "ကံ" ကို အနည်းအကျဉ်းတော့ မျှော်ကိုးနေရဦးမှာဖြစ်ပါတယ်။ 

ကောင်းကွက်ကတော့ OTA အနေနဲ့ ၎င်းရဲ့ Offers တွေကို ဈေးကွက်ရှာဖို့ရာ ဦးတည်ကြော်ငြာထုတ်နိုင်တဲ့ အစုအဝေးကို ရွေးချယ်နိုင်တာပါပဲ။ ဆိုးကျိုးအနေနဲ့ကတော့ အရောင်းသွက်ဖို့ Budget ကောင်းကောင်းတော့ ရင်းနှီးမှ ရပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ကျွန်တော့်အမြင်အရ Travel website တစ်ခုကို ၂၀၁၈ မှာ ဈေးကွက်ရှာနိုင်ဖို့ရာ နည်းကောင်းနည်းနာတွေ များစွာရှိပါတယ်။ ဒါကြောင့်လည်း OTA တစ်ခုအနေနဲ့ Distribution channel တိုင်းလိုလိုမှာ စမ်းသပ်ကြည့်ကာ မိမိတို့အတွက် အကျိုးဖြစ်ထွန်းရာ တစ်နေရာကို ရွေးချယ်သင့်ပါတယ်။ သို့ပေငြား တစ်နေရာထဲမှာ ပုံအော ကြော်ငြာခြင်းထက် အားလုံးလိုလိုမှာ ဖြန့်ကျက်နေရာယူပြီး မိမိတို့ လုပ်ငန်းကို ဈေးကွက်ချဲ့ထွင်တာက ပိုပြီး အကျိုးများလေ့ရှိပါတယ်။  

အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီ Article ကို ဖတ်ရှူခြင်းဖြင့် အကျိုးတစ်စုံတစ်ရာ ရရှိနိုင်လိမ့်လို့ မျှော်လင့်မိပါတယ်ဗျာ။ သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ 

Myanmar Digital Marketing ကို ဆက်သွယ်ပြီးတော့လဲ မိတ်ဆွေတို့ရဲ့ ခရီးသွား လုပ်ငန်းတွေကို ကမ္ဘာနဲ့တန်းတူ ရင်ဘောင်တန်း ဈေးကွက်ဝင်နိုင်ဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါပြီ။

Website – www.MyanmarDigitalAge.com
eMail – info@hapeye.com
Mobile – 09 4210 140 55
Facebook Page – fb.me/W3Presence

 

Swan Htet (Hap Eye)

လေ့လာဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်