Skip to main content
Facebook Vs Website

Facebook Page နှင့် Website ၏ ကွာခြားချက်များ (3) Leads


3.Leads


Facebook မှတစ်ဆင့် လက်ရှိ Trending နဲ့ကိုက်ညီတဲ့ Content တွေဖန်တီးရေးသားပြီး Public ရဲ့ Attention ကို ရရှိဖို့ ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းအားဖြင့် ရောင်းအားတက်ဖို့အတွက် အမှန်တကယ် အလုပ်ဖြစ်စေတဲ့ Email Address တွေကို မရရှိနိုင်ပါဘူး။

Data and Marketing Association ရဲ့ ထုတ်ပြန်ချက်အရဆိုရင် E-mail တွေက Modern-Marketer တွေအတွက် ROI (Return on Investment = Gain from Investment /Cost of Investment) ရရှိစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေမှာသာ ဖောက်သည်တွေရဲ့ E-mail Address ရှိနေမယ်ဆိုရင် လိုအပ်တဲ့အခါတိုင်းမှာ အသင့်တော်ဆုံး Marketing Message တွေကို အချိန်မရွေး အလွယ်တကူ ပေးပို့နိုင်ပါတယ်။

Inbox

Facebook မှာ လက်တလော ခေတ်ရေစီးကြောင်း (Trending) ကိုအသုံးချပြီး ရောင်းအားကောင်းစေမယ့် အလားအလာတွေကို ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် Customer နဲ့ Business ကြားမှာ ရှိရမယ့် Complete Sale Cycle တစ်ခုကိုတော့ မဖန်တီးနိုင်ပါဘူး။ Complete Sale Cycle ဆိုတာ Business နဲ့ Customers တွေအကြားမှာ E-mail မှတစ်ဆင့် အထိအတွေ့မပြတ်ရှိနေတာမျိုးကို ဆိုလိုပြီး လုပ်ငန်းအတွက် အမြဲတမ်းဖောက်သည်တွေ ရရှိစေနိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ 

အကောင်းဆုံးကတော့ Facebook ကသင့်ရဲ့ Followers တွေကို Email Address ရရှိနိုင်ဖို့ရာ Website မှာ Sign-In လုပ်စေခြင်းပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ Newsfeed တစ်နေရာစာအတွက်တော့ အာမခံချက် မရှိပေမယ့် Customers တွေရဲ့ Inbox ထဲမှာတော့ အကျွမ်းတဝင်ရှိနေနိုင်ပြီး အချိန်ပြည့် Contact ဖြစ်နေနိုင်ပါတယ်။

Email

Website ကို online marketing လုပ်ငန်းအားလုံးရဲ့ ပင်မအချက်အချာအဖြစ်အသုံးချပါ။ Social Media Channels တွေကို Customers တွေရဲ့ Attention ကိုရယူနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် ၎င်း Channels တွေကို Website နဲ့ Email Newsletter တွေနဲ့ ပြန်လည်ထိန်းချုပ်ထားပြီး အမှန်တကယ် ရောင်းအားတက်လာဖို့ကိုပါ ဦးတည်ချက်ထားပြီး ဆောင်ရွက်ရပါမယ်။

1.Competition <= ဖတ်ရှူရန်နိုပ်ပါ။

2.Experience <= ဖတ်ရှူရန် နိုပ်ပါ။

နောက်ဆုံးအနေနဲ့ သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Customers တွေဟာ Platform တစ်ခုတည်းမှာပဲ အကြာကြီးရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် Website ကိုရော၊ Facebook Page ကိုပါ ဟန်ချက်ညီအောင် မျှမျှတတ သုံးစွဲဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ရေရှည်တည်တံ့ပြီး အောင်မြင်တဲ့ Business တစ်ခုဖြစ်လာနိုင်မှာပါ။ အချိန်ပေးပြီး ဖတ်ရှူခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

မိတ်ဆွေရဲ့လုပ်ငန်းကိုလည်း Digital Marketing နယ်ပယ်မှာ အကူအညီလိုအပ်၍ ဖြစ်စေ၊ Website ကောင်းတစ်ခု အလိုရှိုသည် ဖြစ်စေ ကျွန်တော်တို့ကို ဆယ်သွယ်နိုင်ပါတယ်။

Website – www.hapeye.com 
 eMail – info@hapeye.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/W3Presence

သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ HapEye.Com ကနေ မေတ္တာပို့သအပ်ပါတယ်။

Swan Htet (Hap Eye)