Skip to main content
Facebook Vs Website

Facebook Page နှင့် Website ၏ ကွာခြားချက်များ (1) Competition

လက်ရှိ ၂၁ရာစုမှာဆိုရင် ကမ္ဘာအနှံ့မှာသာမက မြန်မာနိုင်ငံမှာပါ အင်တာနက်အသုံးပြုသူဦးရေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ၁၅၀၀ တန် ဆင်းကတ်တွေနဲ့ လူတန်းစားမရွေး အင်တာနက်သုံးလာနိုင်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အင်တာနက်ကို အဓိက ပစ်မှတ်ထားခဲ့ကြပါတယ်။ အခုဆိုရင် ကုမ္ပဏီတွေအနေနဲ့ Brand ကို လူသိများဖို့နဲ့ ရောင်းအားမြှင့်တင်ဖို့အတွက် အင်တာနက်မှတစ်ဆင့် ဈေးကွက်ရှာဖွေနေကြပါပြီ။

ဒီလိုဈေးကွက်ရှာဖွေရာမှာ အင်တာနက်သုံးစွဲသူ လူထုနဲ့ အဓိကထိတွေ့နိုင်တဲ့ Facebook Page နဲ့ Website ကို အသုံးချရပါတော့မယ်။
ဒီအခါမှာ မေးစရာလေးတွေ ရှိလာပါပြီ။

ဘာက ပိုပြီး ကောင်းမလဲ။ ပိုပြီး အကျိုးရှိမလဲ။ တကယ်လို့ နှစ်ခုလုံးကို အသုံးချမယ်ဆိုရင်ရော ???
ရှင်းရှင်းလင်းလင်း သိသွားအောင် ကျွန်တော်တို့ ဆက်ပြီး လေ့လာကြည့်ပါမယ်...


1. Competition


Facebook Page တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာပါတယ်။ Ad Week ရဲ့ Report အရဆိုရင် Facebook မှာ Active Business Pages အရေအတွက်က ၄သန်း နဲ့ အထက်တောင်ရှိပါတယ်။ Buzz Sumo ရဲ့ စစ်တမ်းကောက်ချက်အရ ကုမ္ပဏီတွေရဲ့ Facebook Post Engagements က January 2017 ကစတင်လို့  ၂၀% အထိ ကျဆင်းသွားခဲ့ပါတယ်။ပထမခြောက်လအတွင်းမှာပဲ Engagements အရေအတွက် 340 ကနေ 264 အထိ လျော့ကျသွားခဲ့ပါတယ်။  ဒါက Buzz Sumo အနေနဲ့ Posts အရေအတွက် 880 သန်းကျော်ကို သုတေသနပြုပြီးနောက်မှာ သိရှိခဲ့ရတဲ့ ရလဒ်လည်းဖြစ်ပါတယ်။

BuzzSumo

Facebook က Posts တွေဟာဆိုရင် အချိန်ပမာဏနဲ့ အံမဝင်စွာ မတန်တဆ များပြားနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံရပါမယ်။

Facebook အသုံးပြုသူတစ်ဦးရဲ့ Page Liks အရေအတွက်က 2016 ခုနှစ်ကစတင်လို့ 50% အထိမြင့်တက်ခဲ့ပါတယ်။  ပုံမှန်အသုံးပြုသူတစ်ဦးရဲ့ သာမန် Newsfeed တစ်ခုတောင်မှ Post အရေအတွက် 1500 ဝန်းကျင်လောက်နဲ့ ပြည့်နှက်နေတတ်ပါတယ်။ 

 

Users တွေအနေနဲ့ Page တွေကို ပိုပြီး Like လုပ်လေလေ...
သူတို့ရဲ့ Newsfeed က ပိုပြီး ပြည့်ကျပ်လာလေလေ ဖြစ်တာကြောင့်...
တစ်ဖက်မှာ Business တွေအနေနဲ့ ထိရောက်စွာ တိုးပေါက်နိုင်ဖို့ ပိုပြီး ခဲယှဉ်းလာတာလည်း ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ဒီအချက်ကို Website နဲ့ နှိုင်းယှဉ်ကြည့်ရအောင်...

Website မှာဆိုရင် သင့်ရဲ့ ကုမ္ပဏီအကြောင်း၊ Products အကြောင်းနဲ့ Services တွေအကြောင်းကို ဆန္ဒရှိသလောက် ပြည့်ပြည့်စုံစုံ ဖော်ပြလို့ ရပါတယ်။ Customer တစ်ယောက်အနေနဲ့ သင့်ရဲ့ site ကို ခဏတဖြုတ်ပဲ ဝင်ကြည့်တယ်ဆိုရင်တောင် Facebook မှာလိုမျိုး အာရုံများစရာမရှိတဲ့အတွက် သင့်ကုမ္ပဏီ၊ သင့် Product အကြောင်းကို လွယ်လွယ်ကူကူ သိရှိနိုင်ပါတယ်။ ဒါကြောင့် သင်ပေးချင်တဲ့ Message ကို သင်လိုသလိုဖန်တီးယူပြီး သင့်ရဲ့ ကိုယ်ပိုင် Website မှတစ်ဆင့် ပြိုင်ဖက်ကင်းကင်းနဲ့ သင့်ရဲ့ Customers တွေထံ အရောက်ပို့ပေးနိုင်ပါတယ်။

Website

 

ဆက်လက်ဖတ်ရှူရန်>>> 2.Experience