Skip to main content

Facebook Page မှ စီးပွားရေး အမြတ်အစွန်းထွက်အောင် ဘယ်လိုအသုံးချမလဲ...

မြန်မာပြည်သူ ဆယ်သန်းကျော် Facebook ပွတ်နေပြီဖြစ်တဲ့ ဒီနေ့ ခေတ်အခါမှာ စီးပွားရေးလုပ်ငန်းတိုင်းလိုလို Facebook Page တွေရှိနေကြပါပြီ။ အားလုံးအကြားမှာ ထိုးဖောက်နိုင်ဖို့ဆိုရင် သာမန်ရွက်ကြမ်းရေကျို နည်းဗျူဟာမျိုးနဲ့ မရလောက်တော့ပါဘူး။ 

Facebook ကို နည်းလမ်းမှန်မှန်နဲ့ စနစ်တကျသာ အသုံးပြုမယ်ဆိုရင် သင့်လုပ်ငန်းအတွက် အမှန်တကယ် အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါကြောင့် Facebook Page ရှိတဲ့ လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့အချက်ဆယ်ချက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။


1. မှတ်မိလွယ်၍ အလွယ်တကူ သတိထားမိနိုင်သော Profile Picture ထားရှိပါ။


Profile Picture

Facebook လို စီးပွားရေးလုပ်ငန်းတွေ အများကြီး စုပြုံနေတဲ့ နေရာမှာ အလွယ်တကူ သတိထားခံရဖို့က အရေးကြီးပါတယ်။ Profile Picture က Page ရဲ့ ထိပ်ဆုံးမှာ ရှိနေမှာ ဖြစ်ပြီး Post တိုင်းအတွက် အမှတ်အသားလည်း ဖြစ်နေပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ Customrs တွေအတွက် နားလည်လွယ်ပြီး မျက်စိစွဲစေမယ့် Profile Picture မျိုး ထားရှိဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ကုမ္ပဏီရဲ့ Logo ကို Profile Picture အနေနဲ့ ထားရှိတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။


2. ကုမ္ပဏီအတွက် "About" Section မှာ အလွတ်မထားပါနဲ့။


About ကတော့ Profile Picture ရဲ့ အောက်မှာ ရှိနေမှာဖြစ်ပြီး သင့်ရဲ့ Page ကို Customers တွေ ဝင်ရောက်လေ့လာတဲ့အခါ သတိထားကြည့်ရှူမယ့် နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့် ကုမ္ပဏီနဲ့ ပတ်သတ်တဲ့ Information အပြည့်အစုံကို ဖော်ပြထားဖို့ လိုအပ်ပါတယ်။ သင်ဘာတွေ ရောင်းချနေတာလဲ၊ သင်ရဲ့ Website လိပ်စာ၊ သင့်ကုမ္ပဏီရဲ့ ရုံးဖွင့်ချိန် စသဖြင့် အချက်အလက် တွေကို About မှာ ထည့်သွင်းပေးရပါမယ်။ ဒီနည်းအားဖြင့် သင့်ရဲ့ Customers တွေအနေနဲ့ ထွေထွေထူးထူး မေးမြန်းစရာ မလိုအပ်တော့ပဲ ဝယ်ယူမှုတွေ ပြုလုပ်နိုင်ပါတယ်။


3. Marketing အစီအစဉ်အတွက် Cover Photo, Pinned Post နဲ့ Profile CTA တို့ကို ပေါင်းစပ်    အသုံးချပါ။


Call to Action

ဒီသုံးခုကတော့ Facebook Page တစ်ခုကို ဝင်ကြည့်ပြီဆိုရင် ချက်ချင်းဆိုသလို မြင်သာနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ Marketing Plans (Marketing Campaigns) တွေကို ပျံ့နှံ့အောင် ဆောင်ရွက်မယ်ဆိုရင် ဒီနည်းသုံးခုကို စမ်းကြည့်သင့်ပါတယ်။
ဥပမာအားဖြင့် မိတ်ဆွေ စာအုပ်အသစ်တစ်အုပ် ရောင်းချလိုတယ် ဆိုပါတော့။ ဒီစာအုပ်နဲ့ ပတ်သတ်တဲ့ Cover Photo ထားရှိရပါမယ်။ သင်ရောင်းချတဲ့ စာမျက်နှာဆီကို Link ချိတ်ထားတဲ့ Content တစ်ခုရေးသားပြီး Pinned Post (Page ၏ ထိပ်ဆုံးတွင် နေရာယူထားသည့် Post) အဖြစ် ပြုလုပ်ထားရပါမယ်။ နောက်ပြီး Profile CTA (Sign up, Book now, Contact us စသည်) ကလည်း ရောင်းချတဲ့ စာမျက်နှာဆီကို Link ချိတ်ပေးထားရပါမယ်။


4. သင့်ရဲ့ Organic Posts တွေကို Customers နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ပါ။ 


Organic Posts

(Organic Post ဆိုသည်မှာ Payment မပါဝင်သော (သို့) Boost မထုတ်ထားသော သာမန် Post ကို ဆိုလိုသည်) Facebook မှာ ကိုယ်ဦးတည်ပျံ့နှံ့လိုတဲ့ အစုအဝေးကို Paid Content တွေမှာမှ ရွေးချယ်နိုင်တာ မဟုတ်ပါဘူး။ ဒါကို Organic Post တွေအတွက်လည်း အသုံးချနိုင်ပါတယ်။ သင့်ရဲ့ Post တွေကို Customers အားလုံးဆီ ပျံ့နှံ့စေမယ့်အစား Targeting Tools တွေကို အသုံးပြုပြီး အသက်အရွယ်၊ ကျားမနဲ့ ပညာအရည်အချင်း စသည်ဖြင့် ခွဲခြားဦးတည်ပြီး ရောက်ရှိစေနိုင်ပါတယ်။ သင့်ရဲ့ Target ကို ပိုမိုတိကျစေခြင်းအားဖြင့် သင့်ရဲ့ Post က ပိုပြီး ထိထိရောက်ရောက်နဲ့ ပျံ့နှံ့လာနိုင်ပါတယ်။ 


5. ခဏခဏ ပို့စ်မတင်ပါနဲ့။


လေ့လာချက်တွေအရ Facebook Followrer 10,000 အောက် Page တွေဟာ တစ်လကို ပို့စ် ၆၀နဲ့အထက် တင်တဲ့အခါမှာ ပို့စ်တစ်ခုချင်းစီအတွက် Customers နဲ့ အပြန်အလှန်ထိတွေ့မှု ၆၀% အထိ လျော့နည်းသွားခဲ့ပါတယ်။ ဒါကြောင့် တစ်ရက်တည်းနဲ့ Postတွေ ခဏခဏတင်ခြင်းအားဖြင့် Customers တွေကို စိတ်မရှုပ်စေမိဖို့ အရေးကြီးပါတယ်။ အဲဒီ့အစား Quality ပိုမြင့်တဲ့ Post တွေကို သေချာစိစစ်ပြီး တင်ပေးသင့်ပါတယ်။


6.Tracking URLsနဲ့ Facebook Insightsတို့ကို Page စွမ်းဆောင်ရည်စစ်ဆေးဖို့အတွက် အသုံးပြုပါ။


Tracking URLs

သင့်ရဲ့ Post တွေ ဘယ်လို စွမ်းဆောင်နေသလဲ မသိနိုင်ရင် Page ကို တိုးတက်အောင် မလုပ်နိုင်ပါဘူး။ UTM codes တွေနဲ့ Tracking URLs တွေကို အသုံးချပြီး ဘယ်လို Post အမျိုးအစားကတော့ဖြင့် Traffic တက်အောင် (လူကြည့်များအောင်) လုပ်ပေးနိုင်သလဲဆိုတာ ဆန်းစစ်ရပါမယ်။ ပြီးတော့ အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ Engagements, Clicks အစရှိသည်ကိုလည်း Post တစ်ခုစီတိုင်းအတွက် Insights ကနေ သွားရောက်ကြည့်ရှူနိုင်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ လေ့လာပြီးနောက်မှာ ဘယ်လို Content မျိုးကတော့ လုပ်ငန်းအတွက် ပိုအလုပ်ဖြစ်တယ်ဆိုတာ သိလာနိုင်ပြီး နည်းဗျူဟာတွေ ချမှတ်လာနိုင်မှာပါ။


7. တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်မှာ Post တင်ပါ။ 


Post တင်ဖို့ အကောင်းဆုံးအချိန်က Page တစ်ခုချင်းအလိုက်၊ audience တစ်ခုချင်းအလိုက် ကွဲပြားနိုင်ပါတယ်။ နေ့လည် ၁နာရီနဲ့ ၄နာရီအကြားဟာ Post တွေအတွက် Click နဲ့ Share နှုန်း အမြင့်တက်ဆုံးလို့ အချို့သော လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒါပေမယ့် မိတ်ဆွေအတွက် အလုပ်အဖြစ်ဆုံးအချိန်ကိုတော့ ကိုယ်တိုင်ရှာဖွေကြည့်တာ အကောင်းဆုံးပါပဲ။


8. Visual Contents တွေကို အသုံးချပါ။


Visual Contents

သင် Visual Contents တွေ အကြောင်းကို မကြာခဏ ကြားရလေ့ရှိမှာပါ။ Visual Contents တွေမှာ Image, Video, Infographics, Meme, Screenshots စသည်ဖြင့် ပါဝင်ပါတယ်။ လေ့လာမှုတွေအရ Visual Contents တွေနဲ့ Marketing ပြုလုပ်ခြင်းဟာ တစ်လအတွင်းမှာပဲ ၆၅% အထိ ပိုပြီး ပျံ့နှံ့နိုင်ကြောင်း သိရှိရပါတယ်။


9. Customers တွေကို Respond မကြာပါစေနဲ့။


Respond

သင်သိသင့်တာက Social Media မှာ complain တတ်သူတွေရဲ့ ၄၂% မျှဟာ မိနစ်၆၀အတွင်း respond ရလိုတာကြောင့်ဖြစ်ပါတယ်။ သင့်ကို audience အနေနဲ့ အကောင်း ment သည်ဖြစ်စေ၊ အဆိုး ment သည်ဖြစ်စေ။ လျစ်လျှူရှူဖို့ ကြိုးစားခြင်းက စိတ်ပျက်မှုနဲ့ ခံပြင်းမှုကို ပိုမို မီးမွှေးပေးသလိုသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အချိန်အနည်းငယ်မျှယူပြီး ကိစ္စရပ်တိုင်းကို Respond ပြန်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။


10. မျက်စိစုံမှိတ် မယုံပါနှင့်။


Customers တွေရဲ့ News Feed မှာ အချိုးကျကျ ဖမ်းစားနိုင်စေဖို့ နောက်ဆုံးတစ်ချက် မှာချင်ပါသေးတယ်။ နည်းဗျူဟာတစ်ရပ်ဟာ Page တစ်ခုအတွက် အကျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သင့်အတွက်တော့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပိုင် နည်းဗျူဟာတွေကိုလည်း စမ်းသပ်ကြည့်ပါဦး။ ကျွန်တော်တို့ ဖော်ပြထားသမျှကိုလည်း လက်တွေ့စမ်းသပ်ကြည့်ပြီး ဘယ်အရာကတော့ လုပ်ငန်းအတွက် အမှန်တကယ် အကျိုးရှိသလဲဆိုတာ လေ့လာကြည့်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။ 

ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် အထောက်အကူဖြစ်တယ်ဆိုရင် Share လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။  သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်တို့ HapEye.Com ကနေ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Hap Eye Digital Marketing Agency ကို ဆက်သွယ်ပြီးတော့လဲ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာနဲ့တန်းတူ ရင်ဘောင်တန်း ဈေးကွက်ဝင်နိုင်ဖို့ လိုအပ်တဲ့ အကြံဥာဏ်တွေ ရယူပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါပြီဗျာ။

Website – www.hapeye.com 
 eMail – info@hapeye.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/W3Presence

Swan Htet (Hap Eye)