Skip to main content

Cyber Monday ဆိုသည်မှာ ...?

ဒီနေ့ နိုဝင်ဘာ ၂၆ရက်နေ့ကတော့ Cyber Monday ဖြစ်ပါတယ်။ Black Friday အားလပ်ရက်အပြီးမှာ ကျရောက်တဲ့ နောက်ထပ်ဈေးရောင်းပွဲတစ်ခုပဲ ဖြစ်ပါတယ်။( Black Friday ဆိုသည်မှာ ? <= ဖတ်ရှုရန် နှိပ်ပါ။)

Black Fridayကတော့ ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် ဒီနေ့မှာ မိတ်ဆွေတို့အတွက် နောက်ထပ် ကြီးကျယ်ခမ်းနားလှတဲ့ ဈေးရောင်းပွဲတော်ကြီးက စောင့်မျှော်နေပြန်ပါပြီ။ ဒီနေ့ကတော့ Cyber Monday ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မတွင်ကျယ်သေးတဲ့ ဈေးရောင်းစနစ်ဖြစ်ပေမယ့်လည်း မိတ်ဆွေတို့ တီးမိခေါက်မိသိရအောင် ကျွန်တော် ဒီနေ့ Cyber Monday အကြောင်းကို  ပြောပြချင်ပါတယ်။


Cyber Monday ဆိုတာဘာလဲ။


Cyber Monday

Black Friday ဆိုတဲ့ ဈေးရောင်းပွဲတော်ကြီးက လျှော့ဈေးတွေ မတော်မတရားပေးလို့ လူတော်တော်များများက ဆိုင်တွေ မဖွင့်ခင်ကတည်းက လာရောက်တန်းစီနေကြပါတယ်။ သို့ပေငြား တချို့တလေကတော့ လူမတိုးချင်လို့ လျှော့ဈေးတွေ ခေါင်ခိုက်နေပေမယ့် သွားမဝယ်ကြပါဘူး။ ဒါပေမယ့် သူတို့ မနစ်နာပါဘူး။ Black fridayဆိုတဲ့ မဟာဈေးရောင်းပွဲကြီးပြီးသွားလည်း နောက်ထပ် ဈေးရောင်းပွဲတော်ကြီးတစ်ခု ထပ်လာပြန်ရော။

အဲဒါကတော့ Cyber Monday ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘယ်သူမှ အပြင်ထွက်စရာမလိုသလို ဘယ်လူအုပ်မှလည်း တိုးစရာမရှိပါဘူး။ ဟာ...အဲ့ဒါဆို ဘယ်လို ဈေးဝယ်ထွက်ကြမလဲ။ ကျွန်တော်တို့ အွန်လိုင်းပေါ်ဈေးဝယ်ထွက်ရမှာပါ။ ဟုတ်ပါတယ်၊ ဒီနေ့မှာ များပြားလှတဲ့ Shopping Website တွေက များပြားလှတဲ့ Special Discount တွေပေးပြီး ရောင်းချပေးမှာပါ၊ ဟုတ်ပြီ အဲ့ဒါဆိုရင် ကျွန်တော်တို့ Cyber Monday ရဲ့ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရအောင်...


Cyber Monday သမိုင်းကြောင်း


 

Cyber Monday

 

၂၁ရာစုအစောပိုင်းလောက်မှာ ဈေးဝယ်သူတစ်ချို့က Black Fridayတစ်ရက်ထဲနဲ့ ဈေးဝယ်ရတာ မကျေနပ်ခဲ့ကြပါဘူး။ တချို့သောBlack Fridayရက်တွေမှာဆိုရင် ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိတတ်ကြပါတယ်။ အဲ့ဒါကြောင့် လူတချို့က Black Friday မှာဈေးဝယ်မထွက်ဘဲနဲ့ နောက်တနင်္လာနေ့ရုံးဖွင့်ရက်မှာ Online ပေါ် ဈေးဝယ်ထွက်ကြပါတယ်။ အဲ့တုန်းက အင်တာနက်ဆိုတာ ရုံးမှာ အကောင်းဆုံးပါပဲ။ မိုဘိုင်းဖုန်းတွေလည်း သိပ်မရှိတဲ့ အခြေအနေ၊ broadband တွေဆိုတာလည်း တွင်တွင်ကျယ်ကျယ် ရှိတာမဟုတ်။ အဲ့တော့ Black Friday ဝယ်ဖို့ စဉ်းစားထားတဲ့ ပစ္စည်းတွေကို  ရုံးက အင်တာနက်ကိုပဲ အားကိုးပြီး ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ 
ဒီလိုနဲ့ ကုန်သွယ်ရေး အဖွဲ့အစည်းက အဲဒီ့ တနင်္လာနေ့မှာ Web Purchases တွေ တော်တော်မြင့်တက်လာတာကို သတိပြုမိခဲ့ကြပါတယ်။ ၂၀၀၅ခုနှစ်မှာ National Retail Fedration(NRF) က လူတွေက Black Friday ဆိုတဲ့ ဈေးရောင်းပွဲကြီးပြီးသွားလည်း တနင်္လာနေ့မှာ ဆက်ပြီးတော့  Online ပေါ်မှာ Shopping ထွက်နေတာကို သတိပြုမိခဲ့လို့ Cyber Mondayဆိုတဲ့ စကားစုကို စတင်အသုံးပြုခဲ့ပါတယ်။ အဲ့နေ့မှာတော့ အနီးအနားက ဆိုင်ကြီးတွေ လျှော့ဈေးဘယ်လောက်ပေးပေး လူတော်တော်များများဟာ online ပေါ်က ဈေးရောင်းပွဲတော်မှာပဲ ပျော်ပျော်ကြီးကို ဈေးဝယ်ထွက်နေကြပါတယ်။


Cyber Monday က ဘယ်နေ့မှာ ကျရောက်သလဲ။


Cyber Monday

ပုံမှန်အားဖြင့် Cyber Monday က နိုဝင်ဘာလမှာ ကျရောက်ပါတယ်။ ဒါပေမယ့် တခါတလေမှာ ဒီဇင်လာလမှာလည်း ကျရောက်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ Cyber Mondayက Thanksgiving Holiday အပြီး လေးရက်အကြာမှာ အမြဲကျရောက်ပါတယ်။ ပြောရမယ်ဆိုရင်တော့ သူက နိုဝင်ဘာ၂၆နဲ့ ဒီဇင်ဘာ၂ ရက်ကြားထဲမှာပဲ ရှိပါတယ်။ ဒီနှစ်၂၀၁၈ကတော့ နိုဝင်ဘာ၂၆မှာ ကျရောက်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဒီဇင်ဘာ၂ ရက်နေ့မှာ ဖြစ်မယ်လို့ တွက်ချက်ထားကြပါတယ်။


ဝယ်ယူနိုင်သော Shopping Websites များ


Cyber Monday

ဒီနေ့လို Cyber Mondayမှာတော့
Amazon.com
Walmart.com
Target.com
BestBuy.com
JCPenney.com
Macys.com
ToysRUs.com စတဲ့ websitesတွေကတော့ အဓိကWebsitesတွေ အဖြစ် ရပ်တည်နေပါတယ်။

 

Phyo Wai Yan (HapEye)